" တောင်ကုတ်မြို့က တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပြီနော် "
နယ်ဝေးရောက်နေတဲ့ တောင်ကုတ်နယ်သူနယ်သားတွေကို
ပြောတာပါ။
အခုဆိုရင် တက္ကသိုယ်ကြီးလည်း ရှိပြီ၊
ဗိုလ်တဲလည်း အသစ်ဖြစ်သွားပြီ၊
ကွန်ကရစ်လမ်းတွေလည်း ရှိလြာီပီ၊
တက္ကသိုလ်နောက်မှာ ဆည်အသစ်တစ်ခုလည်း လုပ်ပြီးပြီ၊
ဆေးရုံမှာဆိုရင် ဆေးရုံဝန်ထမ်းတွေနေဖို့ လိုင်းခန်းတွေက
RC တစ်ထပ်တိုက်တွေ ဖြစ်နေပြီ၊
ထရမ်စဖေါ်မာ တွေလည်း အသစ်တွေ ဖြစ်ပြီ၊
ပြီးတော့ ထရမ်စဖေါ်မာ အရေအတွက် တိုးလာပြီ၊
မီးလိုင်းကြိုး အဟောင်း တွေကို အသစ်တွေ ပြန်ပြောင်းပြီးပြီ၊
မြန်မာ့ဆက်သွယ်ရေးကနေ ကြိုးလိုင်းinternet ဆွဲလို့ရပြီ ( လောလောဆယ်တော့ အလုံးအရေအတွက် နည်းသေးတာပေါ့)
AJB( Asia Japan Bridge ) ဆိုတဲ့ NGO အဖွဲ့အစည်းက
ရွာတွေက မူလတန်းကျောင်းတွေကို RC တစ်ထပ်တိုက် ဆောက်ပေးပြီးပြီ ( ကျေးရွာတိုင်းကို ဆောက်ပေးတာတော့ မဟုတ်ဘူးပေါ့ဗျာ)
ရွာမ အ၀င်လမ်းကို ကွန်ကရစ်လမ်း ၂မိုင် ခင်းပြီးပြီ ( နောင်နှစ် ဆက်တိုးမယ်တဲ့)၊
ပတင်းတိုင်နယ်အတွက်ဆိုရင် RC ဆိပ်ခံတံတား ဆောက်ပြီးပြီ၊
မိုး၊ မောင်း ကျေးရွာအုပ်စုတွေမှာ တစ်ဖက်ပိတ်ဆည်တွေ၊ ရေကန်တွေ ရှိလာပြီ၊
အ.ထ.က ကျောင်းတော်ကြီးမှာ ကျောင်းဆောင်သစ် ဆောက်နေပြီ ၊
အဟောင်းတွေကို အကြီးစား ပြင်ဆင်ဖို့ လုပ်နေတယ် ၊
တောင်ကုတ်-ပြည်လမ်းဆိုရင်လည်း အရင်က နာရီ ၂၂ လောက်ကြာတာ
အခုဆိုရင် ၁၂ နာရီ သာသာယာယာ သွားလို့ရတယ်။
တောင်ကုတ်-ပြည်လမ်း လမ်းတွေ အရင်ကထပ် တော်တော်ကြီး ကို ကောင်းလာပြီ ( နိုင်ငံခြားက လမ်းတွေလို့တော့ မဟုတ်နိုင်သေးဘူးပေါ့ဗျာ)
ပြီးတော့ ...
Plan Myanmar ဆိုတဲ့ INGO အဖွဲ့ကလည်း ရွာတွေမှာ နေထိုင်တဲ့
မိခင်တွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေအတွက် အစီအစဉ်တွေ ဆွဲနေပါတယ် ( လုပ်တော့လုပ်နေတာပဲ ကျွန်တော်လည်း အသေးစိတ်မသိဘူး)
ပြောပြစရာတွေ ကျန်တော့ ကျန်သေးတယ်။
ကျွန်တော် မှတ်မိသလောက် ပြောပြတာ ........
.jpg)
No comments :
Post a Comment