
6.1.2015 ရက်နေ့ နေ့လည် ၂ နာရီ တောင်ကုတ်မြို့နယ်ခန်းမ
ထာဝရအောင်မြေ အများပိုင် ကုမ္ပဏီ လီမီတတ်၏
နှစ်ပတ်လည် အခမ်းအနားကို ကျင်းပြပြုလုပ်ခဲ့ပြီး
တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စံလှိုင်
ထာဝရအောင်မြေ အများပိုင်ကုမ္ပဏီမှ
ဥက္ကဌ ဦးကျောက်တောင် နှင့်
ဒါရိုက်တာများ မန်နေဂျာများ
မူလ အစုရှယ်ယာရှင်များ
တတ်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင်
ဦးကျောက်တောင်မှ အဖွင့်အမှာစကား ပြောကြားပြီ
ဒါရိုက်တာများ၏ နှစ်ပတ်လည် အစီရင်ခံစာကို
ဒါရိုက်တာ တစ်ဦးဖြစ်သည့် ဦးတင်စိုးမိုးမှ
ဖတ်ကြားတင်ပြခဲ့သည်။
ထိုနောက် ဦးတင်အောင်မှ
ဘဏ္ဍာရေးနှင့် ပတ်သက်သော စာရင်းများကို
ရှင်းလင်းတင်ပြပြီး
မူလ အစုရှယ်ယာရှင် များ မရှင်းလင်းသည်များကို
မေးမြန်းရာ ဥက္ကဋ္ဌ ဦးကျောက်တောင်မှ ပြန်လည်
ဖြေကြားပေးခဲ့သည်။
ရှေ့ဆက်လက် လုပ်ကိုင်မည့်
လုပ်ငန်းစဉ်များအတွက်
ဆွေးနွေးရာတွင် မူလ အစုရှယ်ယာရှင်များ၏
သဘောထား မှတ်ချက်များကို ထည့်သွင်းစဉ်းစားခဲ့သည်။



No comments :
Post a Comment